အင်္ဂလိပ်ဆိုဒ်
Download Font
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပ္ပံ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
မြန်မာတောင်းစားသူများ မဲဆောက်တွင် ဖမ်းဆီးခံရပြန်
သတင်း
-
ပြည်တွင်းသတင်း
သတင်းရင်းမြစ် > ရဲရင့်
သောကြာနေ့၊ မတ်လ ၅ ရက် ၂၀၁၀ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
မဲဆောက်မြို့နယ်အတွင်း နိုင်ငံခြားခရီးသွားများနှင့် ပြည်တွင်းခရီးသွားများကို အနှောင့်အယှက်ဖြစ်စေသည့်အတွက် မြန်မာတောင်းစားသူ (၁၀၀) ကျော်ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးပြီး မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းသို့ ပြန်ပို့လိုက်သည်။
ဖမ်းဆီးမှုနှင့်ပတ်သက်၍ မဲဆောက်မြို့ပိုင် နိုင်ကစ်တီဆတ်က် တိုမွန်ဆတ်က်က “မဲဆောက်ကို အလည်လာတဲ့ နိုင်ငံခြားသားခရီးသွားတွေနဲ့ ပြည်တွင်းခရီးသွားတွေက တာ့ခရိုင်ဝန်ရုံးနဲ့ မဲဆောက်မြို့ပိုင်ရုံးကို ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားလာတဲ့အတွက် တောင်းစားသူတွေကို ဖမ်းဆီးပြီး မြန်မာဘက် ပြန်ပို့တာ ဖြစ်တယ်” ဟု ဒေသခံ သတင်းထောက်များကို ပြောသည်။
မဲဆောက်စျေးမှ ဆိုင်ပိုင်ရှင်တဦးက “ကျမတို့ဆိုင်မှာ စျေးလာဝယ်တဲ့ အင်္ဂလိပ်တွေ၊ အခြားနယ်ကလာတဲ့ ထိုင်းတွေကို မြန်မာတောင်းစားသူတွေက ဟလို၊ ဆဝါဒီးလို့ နှုတ်ဆက်ပြီး ပိုက်ဆံတောင်းကြတယ်။ အင်္ဂလိပ်တွေဆိုရင် လက်ဆွဲ အကျႌဆွဲပြီး ပိုက်ဆံမပေးရင် လက်မလွှတ်တာတွေ ဘာတွေရှိတယ်။ ထိုင်းတွေကိုကျတော့ ဆိုင်ထဲက ထွက်လို့မရအောင် ဆိုင်ပေါက်ပိတ်ပြီး ပိုက်ဆံတောင်းတာတွေရှိတယ်။ ဒါကြောင့် ဒီလူတွေကိုဖမ်းဖို့ ကျမတို့က တိုင်ရတာဖြစ်တယ်” ဟု ပြောသည်။
အဖမ်းခံရသူများထဲတွင် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပြင် ကိုယ်ရေပြားရောဂါ ဆိုးဆိုးရွားရွား ခံစားနေရသူများနှင့် ဒုက္ခိတများပါရှိပြီး ၎င်းတို့ကို ယနေ့ညနေပိုင်းတွင် မဲဆောက်မြို့ပိုင်ရုံးမှတဆင့် မြဝတီဘက် ပြန်ပို့လိုက်ခြင်းဖြစ်သည်။
အဖမ်းခံရသူ မြန်မာစစ်တပ်မှ စစ်မှုထမ်းဟောင်း ဒုက္ခိတ တဦးဖြစ်သူက “ကျနော်ဒီမှာ တောင်းတာ ကြာပြီ။ တနေ့ကို ဘတ် (၁၀၀) ကျော် (၂၀၀) နေ့တိုင်းရပါတယ်။ ဗမာပြည်မှာ ကျန်ခဲ့တဲ့ သားသမီးတွေကို ကျနော်ဒီကနေ ထောက်ပံ့ပေးနေတာပါ” ဟု ပြောသည်။
ယခုဖမ်းဆီးထားသူများကို မြန်မာနိုင်ငံဘက် ပြန်ပို့ခြင်းမှလွဲ၍ အခြားနည်းလမ်းများဖြင့် အရေးယူရန် လုပ်ပိုင်ခွင့် အပြည့်အဝ မရှိသေးသည့်အတွက် ဖမ်းဆီးပြန်ပို့ခြင်းကိုသာ လုပ်ဆောင်နေရသည်ဟု မဲဆောက်မြို့ပိုင်က ပြောသည်။
ဖမ်းဆီးမှုမှ လွတ်မြောက်သွားသူတဦးက “မဲဆောက်မှာ တောင်းတဲ့မြန်မာတွေဟာ ကျန်းမာရေး မပြည့်စုံတဲ့လူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဒုက္ခိတတွေ၊ အနူတွေ၊ မျက်မမြင်တွေ၊ ကလေးငယ်တွေ ပါတယ်၊ အားလုံး အောက်ဘက်ကပါ။ မြဝတီက လူတွေမဟုတ်ပါဘူး။ အားလုံးဟာ အိုးမဲ့အိမ်မဲ့တွေပါ။ မြဝတီပြန်ပို့ပြီးတာနဲ့ အားလုံးက မဲဆောက်ကိုပဲ ပြန်လာကြမှာပါ။ မြဝတီမှာ သူတောင်းစားတွေကို ဧည့်စာရင်းလက်မခံပါဘူး၊ အိမ်ငှားနေလို့လည်းမရပါဘူး။ မြန်မာပြည်မှာ တောင်းတာနဲ့ ထိုင်းမှာတောင်းတာက ဆီနဲ့ရေလိုကွာတယ်၊ အဖမ်းခံရလည်း ခဏပါပဲ” ဟု ပြောသည်။
မဲဆောက်အာဏာပိုင်များမှ မဲဆောက်မြို့၌ မြန်မာတောင်းစားသူများကို အလားတူ ဖမ်းဆီးမှုမျိုး ယခင်က ပြုလုပ်ခဲ့သော်လည်း ထိရောက်သည့် အပြစ်ပေးအရေးယူမှု မလုပ်နိုင်သည့်အတွက် တောင်းစားသူများ နှိမ်နင်းရေး မအောင်မြင်ဘဲ
သံသရာလည်နေသည်ဟု မဲဆောက်စျေးမှ လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်တဦးက ပြောသည်။
ယခင်က ဖမ်းဆီးမှုများတွင် တောင်းစားသူ ဆယ်ဂဏန်းခန့်သာ ဖမ်းဆီးရမိပြီး ယနေ့ဖမ်းဆီးမှုကို အင်အားအလုံးအရင်းနှင့် ပိုက်စိပ်တိုက်ဖမ်းဆီးသောကြောင့် တောင်းစားသူများကို ရာနှင့်ချီ၍ ဖမ်းမိခြင်းဖြစ်သည်ဟု မဲဆောက်စည်ပင်ရဲတဦးက ပြောသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို
အာလူး အထွက်နှုန်းကျ၊ စျေး ၂ ဆ တက်
မန္တလေးမှ ဗုဒ္ဓဂါယာသို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲမည်
ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို
ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
လူကုန်ကူးမှု မဖြေရှင်းနိုင်သေးဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
အကြောင်းအရာတူ
ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
ရန်ကုန်သားများ ကြွက်ကြောက်၍ မြွေ မွေးကြ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
BNI အမျိုးသမီးများ အသံ
BNI အမျိုးသမီးများ အသံ
ပြည်သူ့စစ်သား
ပြည်သူ့စစ်သား
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 66 ဦး အွန်လိုင်း ရှိနေသည်။