ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု

သတင်း - ပြည်တွင်းသတင်း သတင်းရင်းမြစ် > စိုင်းဇွမ်ဆိုင်း သောကြာနေ့၊ မတ်လ ၅ ရက် ၂၀၁၀ ခုနှစ်


ကွန်ပြူတာစက်ဖြင့် ဖတ်၍ စစ်ဆေးနိုင်သော ဘားကုဒ်စနစ်ပါ နိုင်ငံကူး လက်မှတ်သစ်များ ထုတ်ပေးမည့် အစီအစဉ်ကြောင့် နိုင်ငံရပ်ခြားရှိ မြန်မာသံရုုံးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်ပြုလုပ်ပေးခြင်းတို့ကို ဧပြီတလလုံး ရပ်ဆိုင်းထားမှာဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

“နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးပေးဖို့ ခနရပ်ထားတယ်ဆိုတာတော့ ဟုတ်ပါတယ်။ အဲဒါကလည်း စက်နဲ့ဖတ်တဲ့ ဘားကုဒ်တွေပါတဲ့ စာအုပ်အသစ်တွေ ပြန်ထုတ်ပေးဖို့ကို ခဏဆိုင်းထားတဲ့သဘောပါ။ သံရုံးတွေအတွက် ကြေငြာချက်လဲ ထုတ်ထားပါတယ်” ဟု နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက မဇ္စျိမကို တယ်လီဖုန်းမှတဆင့် ပြောသည်။
PS.-1
မြန်မာပတ်စ်ပို့မှာ စတင်ထုတ်ပေးသည့်နေ့ရက်မှစ၍ သုံးနှစ်အထိ သက်တမ်းရှိသည်။ သက်တမ်းကုန်ဆုံးလျှင် ဝင်ငွေခွန်ဆောင်ရန် လိုပါက ဝင်ငွေခွန်ဆောင်၍ သက်တမ်းတိုးရသလို ပတ်စ်ပို့အတွင်း စာရွက်လွတ်များ ကုန်ဆုံးပါက ဝင်ငွေခွန်ဆောင်၍ စာအုပ်သစ် ထုတ်ရသည်။

(၁-၄-၂ဝ၁ဝ) မှ (၃ဝ-၄-၂ဝ၁ဝ) အတွင်း နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးမည့်သူများကို မတ်လ အတွင်း အပြီးသတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း စင်္ကာပူရှိ မြန်မာသံရုုံးက ထုတ်ပြန်ထားသည်။

ဧပြီလအတွင်း နိုင်ငံကူးလက်မှတ် သက်တမ်းကုန်မည့်သူများသည် ယခုလအတွင်း သက်တမ်းမတိုးလျှင် မေလတွင် ဒဏ်ငွေဆောင်၍ သက်တမ်းတိုးရမှာဖြစ်သည်။

တချိန်တည်းမှာပင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခများ စင်္ကာပူတွင် ပိုမိုကုန်ကျနေသည်။

ယခင်က နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှင် စင်္ကာပူဒေါ်လာ ၃ဝဝ ခန့်သာပေးရပြီး၊ ယခု ထုတ်ပေးနေသည့် နိုင်ငံကူးလက်မှတ် အသစ်များအတွက် စင်္ကာပူဒေါ်လာ ၄ဝဝ ကျော် ပေးခဲ့ရသည်ဟု ယခုသီတင်းပတ်အတွင်း ပတ်စ်ပို့ သက်တမ်းတိုးခဲ့သူ တဦးက မဇ္ဈိမသို့ပြောသည်။

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးကလည်း ဧပြီလတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းများ၊ အသစ် ထုတ်ပေးခြင်းများကို ခေတ္တရပ်ဆိုင်းထားမည်ဟု စုံစမ်းသိရှိရသည်။

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်ရှာဖွေရန်RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

နောက်ဆုံးသတင်း

  1. ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
  2. ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
  3. ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို
  4. အာလူး အထွက်နှုန်းကျ၊ စျေး ၂ ဆ တက်
  5. မန္တလေးမှ ဗုဒ္ဓဂါယာသို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲမည်
  6. ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို
  7. ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
  8. သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
  9. ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
  10. နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
  11. လူကုန်ကူးမှု မဖြေရှင်းနိုင်သေးဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
  12. ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
  13. အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
  14. လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
  15. လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ

BNI အမျိုးသမီးများ အသံ

BNI အမျိုးသမီးများ အသံ

ပြည်သူ့စစ်သား

ပြည်သူ့စစ်သား

အွန်လိုင်းစာရင်း

ယခု သတင်းဖတ်သူ 6 ဦး အွန်လိုင်း ရှိနေသည်။