အင်္ဂလိပ်ဆိုဒ်
Download Font
အဖွင့်စာမျက်နှာ
သတင်း
ပြည်တွင်းသတင်း
ပြည်ပသတင်း
ကမ္ဘာ့သတင်း
နိုင်ငံရေး
ဖျော်ဖြေရေး
စီးပွားရေး
သိပ္ပံ/နည်းပညာ
ရိုးရာယဉ်ကျေးမှု
လူ့အခွင့်အရေး
မူးယစ်ဆေးဝါး
သဘာဝပတ်ဝန်းကျင်
စစ်ရေးစစ်ရာ
ကျန်းမာရေး
အားကစား
အတွေးအမြင်
သတင်းသုံးသပ်ချက်
သုံးသပ်ဝေဖန်
အင်တာဗျူး
ဗီဒီယို
သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည်
သတင်း
-
ပြည်တွင်းသတင်း
သတင်းရင်းမြစ် > အောင်ထက်
ကြာသပတေးနေ့၊ မတ်လ ၁၁ ရက် ၂၀၁၀ ခုနှစ်
PDF ဖိုင်ရယူရန်
Array ပရင့်ထုတ်ရန် Array
အီးမေးလ်ပို့ရန်
မတ် (၁၆) ရက် နံနက်တွင် ကျင်းပမည့် ရန်ကုန်မြို့၊ ဗဟိုအမျိုးသား သွေးလှူဘဏ် အဆောက်အအုံသစ်ဖွင့်လှစ်ပွဲသို့ အလှူရှင်ဖြစ်သူ ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံနှင့်အဖွဲ့ တက်ရောက် ချီးမြှင့်မည်ဟု အမျိုးသားသွေးလှူဘဏ် တာဝန်ရှိသူတဦးက အတည်ပြုပြောကြားသည်။
အဆိုပါ အဆောက်အအုံသစ်သည် ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင် တည်ရှိပြီး (ယခင်) သွားကောလိပ် အဆောက်အအုံဟောင်းကို ပြန်လည် မွမ်းမံပြင်ဆင်ထားခြင်း ဖြစ်သည်။
“သွားကောလိပ်က အသုံးမပြုဘဲရှိနေတာ (၅) နှစ်မကလောက်ဘူး ထင်တယ်။ နာဂစ်မှာ ထပ်ပြီး ပျက်စီးတယ်။ ဒါကို ထိုင်းဘုရင့်သမီးတော်ရဲ့ လူတွေက သတင်းကြားတာနဲ့ ပြင်ဖို့စီစဉ်ကြတာ။ ကျန်းမာရေးဝန်ကြီးဌာနနဲ့တော့ ညှိရတာပေါ့” ဟု ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။
သွားကောလိပ် အဆောက်အအုံဟောင်း ပြုပြင်တည်ဆောက်ခြင်းကို ၂၀၀၉ အောက်တိုဘာတွင် စတင်ခဲ့ပြီး စွမ်းအား ဆောက်လုပ်ရေးအဖွဲ့မှ လုပ်ငန်းအရပ်ရပ်ကို တာဝန်ယူခဲ့ခြင်းဖြစ်သည်။
အဆောက်အအုံသစ် တည်ဆောက်မှု အရပ်ရပ်ကုန်ကျငွေကို ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံမှ လှူဒါန်းခြင်း ဖြစ်သည်ဟု စွမ်းအား ဆောက်လုပ်ရေး ဝန်ထမ်းတို့ထံမှ သိရသည်။
A-B ဟူ၍ အဆောက်အအုံနှစ်ခု တွဲလျက်ဆောက်ထားသော သွေးလှူဘဏ်သစ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် လက်စသတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ဒုတိယ ပတ်တွင် ထိုင်းနိုင်ငံမှ အငြိမ်းစား ဗိုလ်မှူးချုပ်တဦးက လာရောက်ကြည့်ရှု စစ်ဆေးကာ ဖွင့်ပွဲအခမ်းအနား ကျင်းပမည့်ရက်ကို သတ်မှတ်သွားပုံရသည်ဟု ထိုစဉ်က မျက်မြင်ဝန်ထမ်းတို့က ပြောသည်။
ထိုင်းဘုရင့်သမီးတော်နှင့်အဖွဲ့သည် မတ် (၁၅) ရက်တွင် လေကြောင်းခရီးစဉ်ဖြင့် မြန်မာပြည်သို့ရောက်ရှိမည်ဖြစ်ပြီး အဆောက်အအုံသစ် ဖွင့်ပွဲအပြီး နောက်တနေ့ မတ် (၁၆) ရက်တွင် လုပ်ငန်းများ စတင်လည်ပတ်မည်ဖြစ်သည်။
သွေးလှူဘဏ်သူနာပြုဆရာမ တဦးကမူ “ဗဟို အမျိုးသားသွေးလှူဘဏ် တာဝန်ခံဆရာဝန်ကြီး ဒေါက်တာ ဒေါ်သီတာအောင် အခု အဆောက်အအုံသစ်ကိစ္စ နေပြည်တော်သွားနေပါတယ်။ ကျန်းမာရေးဝန်ကြီးနဲ့တွေ့ဖို့ပါ” ဟုပြောသည်။
လက်ရှိအခြေအနေတွင် အဆောက်အအုံသစ်အတွင်း စစ်တပ်လုံခြုံရေး တင်းကျပ်စွာ ချထားသည့်အပြင် ရန်ကုန်ဆေးရုံကြီး ဝင်းအတွင်း ယာဉ်သွားလမ်းအချို့ ပြုပြင်ခြင်း၊ လမ်းဘောင်များ ဆောက်လုပ်ခြင်း၊ အမှိုက်များလှဲခြင်းတို့ကို ဝန်ထမ်းအလုံးအရင်းဖြင့် ဆောင်ရွက်လျက်ရှိသည်။
စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန်
ရှာဖွေရန်
RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
အကြောင်းမကြားပါနှင့်
အကြောင်းကြားပေးပါ
ခေါင်းစဉ်
UBBCode:
-အရောင်-
aqua
အနက်
အပြာ
fuchsia
မီးခိုး
အစိမ်း
lime
maroon
navy
olive
purple
အနီ
ငွေ
teal
အဖြူ
အဝါ
-အရွယ်အစား-
အသေးဆုံး
သေး
အလယ်အလတ်
ကြီး
အကြီးဆုံး
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ
Powered by
!JoomlaComment 3.26
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."
သုံးသူအမည်
စကားဝှက်
သင့်စကားဝှက် မေ့နေလား?
သင့်သုံးသူအမည် မေ့နေလား?
မြန်မာ့သတင်းသမား ဖြစ်လိုပါသလား?
နောက်ဆုံးသတင်း
ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု CIDKP ပြောဆို
အာလူး အထွက်နှုန်းကျ၊ စျေး ၂ ဆ တက်
မန္တလေးမှ ဗုဒ္ဓဂါယာသို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲမည်
ဝန်ကြီး၏ ပြောဆိုချက်ကို အလုပ်သမားအရေး လှုပ်ရှားသူများ သတိဖြင့် ကြိုဆို
ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
လူကုန်ကူးမှု မဖြေရှင်းနိုင်သေးဟု ထိုင်းဝန်ကြီးချုပ် ပြောကြား
ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
အကြောင်းအရာတူ
ကျားဖြူပါတီ မိုးနဲမြို့နယ်ရုံးခွဲဖွင့်ရာ၌ မိမိဆန္ဒအရဒေသခံ လူထုတက်ကြွစွာပါဝင်
ကျားဖြူပါတီ ရှမ်းပြည်မြောက်ပိုင်းတွင် လူကြိုက်များ
ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်
သံဃာအပါး (၁၀၀) ကျော် ဝါဆိုရန်အခက်တွေ့
ရယက ဥက္ကဋ္ဌများ တရားစွဲခံရ
နေပြည်တော် ကားလမ်းကြောင့် စိုက်ခင်းများ ပျက်စီး
ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်
လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
ရန်ကုန်သားများ ကြွက်ကြောက်၍ မြွေ မွေးကြ
ubuntu linux
အဖတ်များဆုံး
သင့် E-Mail သို့ အရောက်ပို့ပေးမည်
သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ
Subscribe in a reader
BNI အမျိုးသမီးများ အသံ
BNI အမျိုးသမီးများ အသံ
ပြည်သူ့စစ်သား
ပြည်သူ့စစ်သား
အွန်လိုင်းစာရင်း
ယခု သတင်းဖတ်သူ 7 ဦး အွန်လိုင်း ရှိနေသည်။